လာမည့် စနေနေ့ (၂၃-၈-၂၀၁၄)နေ့တွင် ရေဘေးအလှူ ထပ်သွားပါဦးမည်။
သနပ္ပင်မြို့နယ်၊ ကမာစဲကျေးရွာနှင့် ဈေးဖလုံကျေးရွာကြားတွင် တည်ရှိသော ကယုကုန်းကွင်းသို့ သွားပါမည်။
ရွာထဲတွင် မနေကြဘဲ လယ်ကွင်းများကြားတွင် တဲထိုးနေထိုင်ကြသောလယ်သမားများ စုပေါင်းနေထိုင်သည့် ကွင်းဖြစ်ပါသည်။
ရေကြီးသည့်ဒဏ်ကို နှစ်လနီးပါးခန့် ခံစားနေကြရသည်။
ယင်းကွင်းတွင် လယ်တဲပေါင်း ငါးဆယ်ကျော်ရှိပါသည်။
လယ်သမားများက စုပေါင်းကာ တည်ဆောက်ထားသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါသည်။
ကျောင်းထိုင်ဘုန်းကြီးမှာ အသက်၈၀ကျော်ပါပြီ
အစစအရာရာ ချို့ငဲ့စွာ သီတင်းသုံးနေရသော
ဘုန်းဘုန်းကိုလည်းန၀ကမ္မလှူဒါန်းပါမ
ည်ဈေးဖလုံကျေးရွာကြားတွင် တည်ရှိသော ကယုကုန်းကွင်းသို့ ငါးသေတ္တာဗူး များငါပီဗူးများခေါ်က်ဆွဲခြောက် ကော်ဖိမစ်လိုအပ်တာများကိုလှူဒါန်းပါမည် ကွင်းသူကွင်းသားများကိုလည်း နည်းနည်းပါးပါး အကူအညီပေးချင်ပါသည်။
စေတနာပန်းခင်းဖောင်ဒေးရှင်မှာလည်း အလှူတော်ငွေ ၁သိန်းကျပ်ကိုလှူဒါန်းသွားပါတယ်
မမနှင်းနွယ်စိုးမှ အလှူငွေ၂သောင်းကျပ်
မာမိနန်းထားမှ အလှူငွေ ၂သောင်းကျပ်ကိုလှူဒါန်းပါသည်။
ယုကိုယုံကြည်စွာလှူဒါန်းပေးစေတနာပန်ခင်းမိသားစုများကိုလည်းကျေးဇူးအထူးတင်ပါတယ်
!ဤသို့ပြုရ မြတ်ဒါနကြောင့် လက်ရှိအချိန်မှ စပြီး ပါရမီတွေ ပြည့်ပြီးတော့ လောကီဆိုလည်း လောကီချမ်းသာ၊ ထို့နောက် လောကုတ္တရာဆိုလည်း လောကုတ်ချမ်းသာကို ရရှိနိုင်သော ကံတရားတို့ ဖြစ်ပေါ်လာပါစေ အလှူရှင် များလည်း ကျန်းမာ ချမ်းသာကြပါစေ..။
အလှူခံ များလည်း ကျန်းမာ ချမ်းသာကြပါစေ..။ လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ပါရစေ
(ဓာတ်ပုံ- ၁၆-၈-၂၀၁၄ က သနပ္ပင်မြို့နယ်၊ သာယာကုန်းရွာ ဘ/ကကျောင်းလေးသို့ သွားရောက်လှူ ဒါန်းခဲ့သောပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ပုံလေးဖြစ်ပါသည်။
0 comments:
Post a Comment